0 views
|
0 likes
ဖိလစ်ပိုင် အကျဉ်ထောင်ထဲက အကျဉ်းသူ အမျိုးသမီးတွေနဲ့ ထောင်ပိုင်ကြီးတို့ရဲ့ ကြားက ပညာပေးဇာတ်ကားလေး
မယ်လီကာယာဆိုတာ အမျိုးသမီးရဲဘက်စခန်းတစ်ခုရဲ့အမည်ဖြစ်ပြီး အကျဉ်းထောင်အတွင်းမှာ စည်းကမ်းသေဝပ်သူတွေ၊ အမူအကျင့်ကောင်းရှိသူတွေကိုရွေးချယ်စေလွှတ်ခံရတာဖြစ်ပါတယ်။ဒီနေရာမှာတော့ နှင်းဆီစိုက်ပျိုးရေးလို၊လက်မှုပစ္စည်းလေးတွေလိုမျိုး တပိုင်တနိုင်အလုပ်လေးတွေနဲ့သက်တောင့်သက်သာ ပျော်ပျော်ရွှင်ရွှင်နေရတဲ့အတွက် အကျဉ်းသူတွေလည်းပျော်ကြပါတယ်။အဲ့ဒီနေရာကို အသစ်ရောက်လာတဲ့ ၁၉ နှစ်အရွယ် ကာရာ ဆိုတဲ့ကောင်မလေးတစ်ယောက်၊ သူ့အရင်ရောက်နှင့်ပြီးသား လီလာဆိုတဲ့ ဝါရင့်အကျဉ်းသူ မမကြီးနဲ့အချင်းချင်းနားလည်မှုတွေဖလှယ်ရင်ဖွင့်ရင်း သံယောဇဉ်တွယ်မိကြတာတွေကို ကြမ်းကြမ်းရမ်းရမ်းရှုစားကြရမှာဖြစ်ပါတယ်။



















