ပီယဆေး ဖော်ပြီး လုပ်ဖော်ကိုင်ဖက် မိန်းမလှလေးကို လက်တွေ့ စမ်းသပ်တဲ့ သိပ္ပံပညာရှင်
ဆန့်ကျင်ဘက်လိင်တွေနဲ့ ဆက်ဆံရေးမှာ အမြဲတမ်း အဆင်မပြေဖြစ်ပြီး ညံ့ဖျင်းလွန်းတဲ့ ဇီဝဗေဒပညာရှင်ဟာ ကံကောင်းချင်တော့ ဗေဒင်ဆရာမတစ်ယောက်ဆီကနေ “Love Potion No. 8” ဆိုတဲ့ ဆန်းကြယ်တဲ့ ဆေးရည်တစ်မျိုးကို ရရှိခဲ့ပါတယ်။ဒီဆေးရည်ကို သုံးစွဲထားသူဟာ စကားပြောလိုက်တာနဲ့ တစ်ဖက်လူက သူ့အပေါ် အရူးအမူး ဖြစ်သွားစေမဲ့ ပီယရွှင်ဆေးပါ။ Paul ဟာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် စာဂျပိုးမလေး Diane Farrow (Sandra Bullock) နဲ့အတူ ဒီဆေးရည်ကို ကိုယ်တိုင်စမ်းသပ်ရင်း သူတို့နှစ်ယောက်စလုံးဟာ အရင်က မရရှိခဲ့ဖူးတဲ့ ဆွဲဆောင်မှုတွေကို ပိုင်ဆိုင်လာကြပါတယ်။ ဒါပေမဲ့ ဒီဆေးရည်ကြောင့် ရလာတဲ့ အချစ်တွေက တကယ့်အစစ်အမှန်လား၊ ပြီးတော့ ဒီဆေးရည်ကြောင့်ပဲ သူတို့နှစ်ယောက်ကြားက ဆက်ဆံရေး ဘယ်လိုရှုပ်ထွေးကုန်မလဲ…..



















